About

မိဘရင်ခွင်ကနေခွဲခွာရပြီး အဝေးတစ်နေရာရောက်နေကျရတဲ့ ညီကိုမောင်နှမတွေ အပျင်းလည်းပြေ ၊ ဗဟုသုတလည်းရ ဒေါင်းလုဒ်ချစရာမလိုပဲ မိမိရောက်ရှိရာနေရာတွင် အင်တာနက်ရှိရုံဖြင့် စာများကိုဖတ်နိုင်ရန်ရည်ရွယ်ပြီး

ကျွန်တော်တို့သူငယ်ချင်းတစ်စုမှာ ၀တ္ထုများ၊ ဟာသများ၊ကာတွန်းများ၊ရသစာပေများကို ရှာဖွေပြီး ” အိပ်မက်လှိုင်း အွန်လိုင်းစာအုပ်စင် ” အနေဖြင့် တင်ဆက်လိုက်ပါတယ်…။

စာအုပ်များမှာ ကိုယ်ပိုင်တင်ထားသလို တခြားမှလည်းသွားရောက်ယူငင်တင်ထားပါတယ် … သွားရောက်ယူငင်တင်ထားသူများထံမှ ခွင့်မတောင်းမိတဲ့အတွက်လည်း ဒီနေရာကနေ ခွင့်လွှတ်ပါလို့ပြောချင်ပါတယ်..

ရည်ရွယ်ချက်ချင်းတူတဲ့အတွက်လည်း နားလည်ခွင့်လွှတ်ကျလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်…

တစ်ခုတော့အားနည်းချက်ရှိပါတယ် ကျွန်တော်တို့ သုံးထားတဲ့  www.scribd.com မှာ free ရတဲ့အတွက် သူတို့ဘယ်လောက်ထိ အသုံးပြုခွင့်ပေးမလဲတော့မသိပါဘူး သူတို့ပေးထားသရွေ့တော့

ဒီဆိုဒ်တည်တံ့ခိုင်မြဲနေမှာပါ …

ခုမှစတင်တဲ့အတွက် တဖြည်းဖြည်းခြင်း ရသမျှစာအုပ်များကို တင်သွားမှာပါ … လက်ရှိမြန်မာပြည်မှာထွက်ရှိနေတဲ့ စာအုပ်တွေတော့ မတောင်းဆိုဖို့ မေတ္တာရပ်ခံချင်ပါတယ်….

ကျွန်တော်တို့ကိုယ်တိုင် ပြည်ပရောက်နေကျသူများဖြစ်ပါတယ် အင်တာနက်တွင်ရှာဖွေတွေရှိလို့ရသမျှတော့ တင်နိုင်အောင်ကြိုးစားသွားကျမှာပါ…

ဒါပေမဲ့ လူနည်းစုအင်းအားဖြင့်တော့ ခရီးပေါက်တာကြာမှာပါ.. သို့ပါသဖြင့် စိတ်ပါဝင်စာသူများ လုပ်ကိုင်ချင်သူများ ကို ကျွန်တော်တို့သူငယ်ချင်းတစ်စုမှာ ကြိုဆိုပါတယ် ခင်ဗျာ …

အချိန်ကုန် ငွေကုန် လူပင်ပန်း ငွေမရပဲ ပီတိစားရမဲ့ဘ၀မို့ တကယ်စိတ်ပါဝင်စားမှ လုပ်နိုင်မှာဖြစ်ပါတယ်…

ထို့ကြောင့် စိတ်ပါဝင်စားသူများ ဖိတ်ကြာရင်း ကျွန်တော်တို့ ဒီဆိုဒ်မွေးဖွားရခြင်း ရည်ရွယ်ချက်ကို အသိပေးလိုက်ပါတယ်

မှန်ကန်သောစိတ်ထားများဖြင့်…

အိပ်မက်လှိုင်း

Leave a Reply

You must be logged in to post a comment.